မုန်တိုင်းထဲက ဘုရား
မနက်စောစောတွင် လေစတင်တိုက် ခတ်ပြီး မိုးစက်များက ကျောက်ခဲငယ်ပမာ တရစပ် ကျလာသည်။ အပြင်ဖက်သို့ ကြည့်လိုက်ရာ ညှို့ မှိုင်းသော ကောင်းကင်ကြီး၊ လေနှင့်အတူ လှုပ် ရမ်းနေသော သစ်ပင်များတွေ့ရသည်။ လျှပ်စီး ပြက် မိုးကြိုးပစ်၊ မီးက လာလိုက်မလာလိုက်နှင့် ဆိုးရွားသောရာသီဥတုက မည်မျှကြာမည်ကို မမှန်းဆတတ်ပါ။
မုန်တိုင်းစဲသွားသောအခါ နေ့တစ်နေ့ကို ကျမ်းစာဖတ်ခြင်းဖြင့် အစပြုရန် ကျမ်းစာအုပ်ကို ဖွင့်ဖတ်လိုက်သည်။ ယောဘဝတ္ထုမှကိုယ်တော်၏ တန်ခိုးတော်ကို ပြင်းထန်သော မုန်တိုင်း၏ အင်အားနှင့် နှိုင်းယှဉ်သောကျမ်းချက်ကိုဖတ်မိ သည်။ “အံ့ဖွယ်သောအချင်းအရာပါလျက် ဘုရား သခင်သည် အသံတော်နှင့် မိုးချုန်းတော်မူ၏” (၃၇း၅)။ “အလင်းကို လက်တော်နှင့် ကွယ်ကာ၍ တစ်ဖန် ရန်သူရှိရာသို့ လွှတ်တော်မူ၏” (၃၆း၃၂)။ “ဘုရားသခင်သည် အစွမ်း သတ္တိအားဖြင့် .... ထူးဆန်းတော်မူ၏” (၃၇း၂၃) ဟု ယောဘ၏မိတ်ဆွေ ဧလိဟုက မိန့်…
လတ်ဆတ်ကောင်းမွန်သော အစားအစာ
ကျမ်းမာရေးနှင့် ညီညွတ်ပြီး အာဟာရ ဖြစ်စေသော အစားအသောက်များ ဝယ်ရာတွင် ကျွန်တော့်ဇနီး မာတီသည် ဈေးဝယ်စေ့စပ်သူ ဖြစ်သည်။ ထုတ်ပိုးမှု မည်မျှပင်ကောင်းပြီး ဆွဲဆောင်မှုရှိနေပါစေ၊ ပါဝင်သည့်ပစ္စည်း အမယ် ကို စစ်ဆေးကြည့်သည်။ အစားအသောက် တာရှည်ခံရန် ထည့်သော ဓာတုဆေးဝါးများက အာဟာရ မဖြစ်၊ ထိုသို့သော စားသောက်ကုန်များ ဆိုလျှင် အသာချပြီး ကျမ်းမာရေးနှင့်ညီညွတ် သော သဘာဝထွက်ကုန်များကို ထပ်ရှာသည်။
သူဈေးဝယ်ပုံက ဘုရား ကျွန်တော်တို့ အသက်တာကို ရှာဖွေပုံနှင့်တူကြောင်း ကျွန်တော် မကြာခဏ စဉ်းစားမိသည်။ အပြင်ပန်း မည်မျှပင် ဆွဲဆောင်မှုရှိပါစေ၊ အတွင်းရှိအရာက အဓိကဖြစ်သည်။ သုတ္တံဆရာက “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် (သု ၄း၂၃)၊ စိတ်နှလုံးထဲ မည်သည့်အရာ ဝင်ရောက်နေရာယူသည်ကို ဂရုစိုက်ရန် သတိပေးထားသည်။ နှလုံးသား၌ လောဘစိတ်၊ မုန်တီးခြင်း၊ မိမိကိုယ်ကိုသနားခြင်း၊ အမျက်ထွက်ခြင်းနှင့် အခြားဆိုးညစ်မှုများရှိနေပါက…
ချစ်ခြင်းနှင့် သိခြင်း
ဂျွန်နသန် ဆာဖရန် ဖိုရာ၏ဝတ္ထု တစ်ခုတွင် ဇာတ်ကောင်တစ်ဦးက “နယူးယော့ အင်ပါယာစတိတ် အဆောက်အအုံကိုကျွန်တော် သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအဆောက် အအုံကို ကျွန်တော်ချစ်လို့” ဟုပြောသည်။
ထိုစကားကြောင့် ချစ်ခြင်းနှင့် သိခြင်း ကြား ဆက်စပ်မှုကို စဉ်စားမိသည်။ တစ်စုံတစ်ခုကို သဘောကျပြီဆိုလျှင် ထိုအရာနှင့်ပတ်သက်သမျှ အားလုံးကို သိချင်သည်။ နေရာဒေသတစ်ခုကို နှစ်သက်သွားပါက ထိုဒေသအနှံ့ သွားရောက် လိုသည်။ လူတစ်ဦးကို ချစ်မိပါက သူ့အကြောင်း အသေးစိတ် သိလိုသည်။ သူဘာကြိုက်လဲ၊ သူ ဘယ်လိုအချိန်ဖြုန်းတာလဲ၊ ဘယ်မှာကြီးပြင်းလာ လဲ၊ သူ့မိတ်ဆွေတွေက ဘယ်သူလဲ၊ သူဘာကို ယုံကြည်လဲ စသည်ဖြင့် သိလိုသည်။ သိချင် စိတ်က အတောမသတ်နိုင်။
သို့သော် လူအချို့က မိမိကိုယ်ကို အသိမခံလိုဘဲ၊ အချစ်သာခံလိုသည်။ မိမိအကြောင်းကို အမှန်အတိုင်း သိသွားပါက အချစ်မခံရတော့မှာ စိုးကြသည်။
ဘုရားနှင့်ပတ်သက်၍မူ…
အသစ်တစ်ဖန်
ခရစ္စ ဆင်းမ်ဆန်၏ ဘဝမှာ မုန်းတီးခြင်းများဖြင့် တောက်လောင်နေသည်။ ၎င်း၏သားဦးကို ဆုံးရှုံးလိုက်ရခြင်းကြောင့် သူ့ စိတ်ရှုပ်ထွေးပြီး ဒေါသထွက်သည်။ ထိုဒေါသ ကြောင့် လူမျိုးနွယ်စုများအပေါ်မဲပြီး သူ့ခန္ဓာကိုယ် ပေါ်၌ မုန်းတီးခြင်းပုံရိပ် ဆေးမင်ကြောင်များ ထိုး ထားသည်။
မုန်းတီးမှုများလွှမ်းနေသည့် သူ့ပုံစံကို သားငယ်က လုပ်ပြရာ၊ သူ့ကိုယ်သူ ပြုပြင် ပြောင်းလဲရန်လိုပြီဟု ဆင်းမ်ဆန် သိလိုက်သည်။ ရဲရင့်ခြင်းအကြောင်း ခရစ်ယာန်ရုပ်ရှင်တစ်ကား ကို သူကြည့်ခဲ့ရပြီးနောက် ဘုရားကျောင်းသို့ စတင်တက်ရောက်သည်။ တစ်လခန့်အကြာတွင် ခရစ်တော်နောက်လိုက်အဖြစ် ဗတ္တိဇံခံယူခဲ့သည်။ လူသစ်ဖြစ်လာပြီး မုန်းတီးမှုများကို နောက်ချန်ထားခဲ့ကြောင်း လက္ခဏာအဖြစ် ငွေကုန်ခံ၊ အနာခံကာ ဆေးမင်ကြောင်များကို ပြန်ဖျက်သည်။
ဤကဲ့သို့သောနက်နဲသည့် ပြောင်းလဲမှုအကြောင်း တမန်တော်ရှင်ပေါလုက ကောင်းကောင်းနားလည်သည်။ ယေရှုကို သူမုန်းပြီး၊ ယေရှုနောက်လိုက်များကို နှိပ်စက် ညှဉ်းပန်းသည် (တ ၂၂း၎-၅၊ ၁ ကော ၁၅း၉)။ သို့သော်…
ခရစ်တော်၌ ဘဝကို စတေးခြင်းနှင့် ဘဝကို ရှာဖွေတွေ့ရှိခြင်း
၁၉၉၇ ခုနှစ်တွင် မာသာထရီဇာ ကွယ်လွန်သွားရာ၊ သူက နှိမ့်ချစွာ ခရစ်တော်နှင့် လိုအပ်မှု များပြားသူများအတွက် အစေခံခဲ့ခြင်းကို လူအများအံ့သြခဲ့သည်။ Missionaries of Charity ပေးကမ်းစွန့်ကြဲခြင်း သာသနာလုပ်ငန်းအားဖြင့် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် ချို့တဲ့ ဆင်းရဲသူများ၊ လူမမာများ၊ မိဘမဲ့များနှင့် သေလုမျောပါးဖြစ်နေသူများကို နှစ်ပေါင်း (၅၀) ခန့် သူအစေခံခဲ့သည်။
သူမကို တွေ့ဆုံမေးမြန်းပြီးနောက် ဗြိတိသျှ ဂျာနယ်လစ် မဲလ်ခမ်း မာဂျာရစ် က အောက်ပါအတိုင်း ရေးသားခဲ့သည်။ “ယနေ့တွင် မိမိ၏ဖြစ်တည်မှုအကြောင်းကို များစွာပြောဆိုနေကြသည်။ မိမိ၏ဖြစ်တည်မှုကို ရှာတွေ့နိုင်သည့် အရာပမာ ရှာဖွေကြသည်။ တွေ့ခဲ့သည့်တိုင် ၎င်းကို မပျောက်ပျက်အောင် ထိန်းသိမ်းတန်ဖိုးထားကြသည်။ စင်စစ် မိမိ၏ဖြစ်တည်မှုဟူသည် သုံးလေ ကြွယ်ဝလာလေဖြစ်သည်။ မာသာထရီဇာက သူ့ကိုယ်ကို စတေးခံသည်၊ လုံးပါးပါးစေသည်။ ဤသို့ဖြင့် သူ၏ဖြစ်တည်မှု ထွက်ပေါ် လာသည်။ သူ့လောက်…
သင်တန်းစခန်း
နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို့နယ်မြေရှိ လူငယ်များက စိတ်ကျန်းမာရေး စောင့်ရှောက်မှု ပေးသည့်အဖွဲ့မှဦးစီးသည့် “ကောင်းမွန်သူဖြစ်ပါ” ဆိုသည့် သင်တန်းကိုတက်ရောက် စခန်းဝင် ကြသည်။ ၂၀၁၂ ခုနှစ်က သင်တန်းတက်သည့် ကျောင်းသားပေါင်း ၆၀၀၀ ကျော်သည် “ကောင်းမွန်သူဖြစ်ပါ” ဟူသည့် စာတန်းကို ကျောင်းအားကစားကွင်း၌ သရုပ်ဖော်ကြသည်။ ကျောင်းအုပ်တစ်ဦးက “ကျောင်းသားတွေ အနေနဲ့ ရွယ်တူချင်းတွေကြားထဲမှာ မကြောက်မရွံ့၊ ဝမ်းမနည်း အားမငယ်၊ ကသိကအောက်မဖြစ်ဘဲ ကျောင်းကိုလာပြီး စာသင်ကြဖို့ ကျွန်တော်တို့ လိုလားတယ်။ ကျောင်းသားတွေ တစ်ဦးကို တစ်ဦး ဖျက်လိုဖျက်ဆီးမလုပ်ဘဲ အချင်းချင်းကို စိတ်ဓာတ်မြှင့်တင် ချီးမြှောက်ပေးအောင် ကျွန်တော်တို့အစွမ်းကုန် ကြိုးစားနေပါတယ်” ဟုပြောကြားခဲ့သည်။
ရှင်ပေါလုကရောမမြို့ရှိ အသင်းတော်မှလူများအား ပိုမိုမြင့်မားသော မေတ္တာ စံချိန်ထားရှိစေလိုသည်။ ယုံကြည်ခြင်းအားကြီးခိုင်မာသူနှင့် အားနည်းသူနှစ်ဖက်လုံးက တစ်ဦးနှင့်တစ်ဦးဝေဖန်စီရင်ပြီး မထီမဲ့မြင်ပြုနေကြသည်(ရော၁၄း၁-၁၂)။ အချင်းချင်းကို ဂရုမစိုက်ဘဲ မည်သည့်အစာကို စားသင့်မစားသင့် (း၂-၃)၊ မည်သည့်ပွဲတော်ကို စောင့်ထိန်းသင့်မသင့်(း၅-၆)…
ကောင်းမြတ် ကျက်သရေရှိသောနေ့
မနေ့က ကျွန်တော်အနှစ်သက်ဆုံး အားကစားအသင်းမှာ နောက်ဆုံးဗိုလ်လုပွဲစဉ် ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံဆု အိပ်မက်အဆုံးသတ်သွား သည်။ ယနေ့ အလုပ်သွားရန် ကားပေါ်တက်စဉ် ရာသီဥတုအေးပြီး ထိုင်းမှိုင်းနေသည်။ ကျွန်တော် အကြိုက်ဆုံးအသင်း ရှုံးသွားခြင်းက အရေးကြီး သောကိစ္စ မဟုတ်ငြားလည်း ဝမ်းနည်းဖွယ် တနင်္လာနေ့ကို ဖြစ်စေခဲ့သည်။
သို့သော် ရေဒီယိုမှလာသည့် သီချင်း တစ်ပုဒ်ကြောင့် ကျွန်တော့်အမြင် ပြောင်းသွား သည်။ အဆိုတော် ကာစ်တင် ကရောင်းစ်၏ “Glorious Day” ကောင်းမြတ်လှသောနေ့ သီချင်း ဖြစ်သည်။ “တစ်နေ့မှာ သခင့်ကို ကရာနီကုန်းပေါ်ဆောင်ယူကာ ကားတိုင်မှာ သတ်ခဲ့တာ” ဘာခွန်အားမှ မဖြစ်ပါ။ “ပြင်းစွာဝေဒနာ ခံစားရသည်၊ စွန့်ပစ်ငြင်းပယ်ခံရသည်။” စာသားများက ဆိုးပါသည်။ သို့သော် ခရစ်တော်၏ ထမြောက်တော်မူခြင်း သတင်းကောင်း နှင့် သေခြင်းကိုအောင်ခြင်းအကြောင်းကို ဆက်၍သီကျူးသည်။
အဆိုးဆုံးနေ့မှ - ယေရုရှလင်တောင်ကြော နေ့ခင်းဖက်အမှောင်ကျချိန်မှ…
လမ်းလွဲသောစိတ်နှလုံး
နွားအုပ်တင်လာသော ထရပ်ကား တစ်စီးမှောက်သဖြင့် အဝေးပြေးလမ်းမတွင် နာရီ ပေါင်းများစွာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ သည်။ နွားအုပ်လွတ်သွားပြီး အဝေးပြေးလမ်းမ တစ်လျှောက် ခြေဦးတည့်ရာ လျှောက်ပြေးသည်။ လမ်းလွဲသွားသော နွားအုပ်အကြောင်းသတင်းကို ဖတ်ပြီး မကြာခင်က ကျွန်မလေ့လာခဲ့သော ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၂ မှ ဘုရား သခင်ထံမှ လမ်းလွဲသွားသူများအကြောင်းကို စဉ်းစားမိသည်။
ဣသရေလဘုရင် ယေရောဗောင်မင်းသည် လူများကိုးကွယ်ရန် ရွှေနွားသူငယ်နှစ်ကောင်ကို ပြုလုပ်ခဲ့သည် (၃ ရာ ၁၂း၂၅-၃၂)။ သို့သော် ရွှေနွားကိုကိုးကွယ်ခြင်းက သူမှအစပြုခဲ့ခြင်းမဟုတ်ပါ။ ညှင်းပန်းနှိပ်စက်ခံရသော ကျွန် ဘဝမှ လွတ်မြောက်ပြီး ဘုရား၏တန်ခိုးတော်နှင့်ဘုန်းတော်ကို မြင်တွေ့ခဲ့ရသော်လည်း ဣသရေလလူတို့သည် မိမိစိတ်အလိုနောက်လိုက်ပြီး ဘုရားသခင်ထံမှလမ်းလွဲရန် အခွင့် ပေးခဲ့သည် (ထွက် ၃၂)။ သိနတောင်ပေါ်၌ မောရှေက ထာဝရဘုရားထံတော်မှ ပညတ်များကို လက်ခံယူစဉ် သူ့အစ်ကိုအာရုန်က ဘုရားသခင်၏လူများ ရွှေနွားရုပ်တု ပြုလုပ်ပြီး…
အဘယ်မျှကြာမည်နည်း
“ငုံးကို တောင်ပေါ်မှာ လိုက်၍ရှာ သကဲ့သို့” ရှောလုမင်းသည် ဒါဝိဒ်အား ၉နှစ်တာမျှ လိုက်လံချောင်းမြောင်းခဲ့သည် (၁ ရာ ၂၆း၂၀)။ “အို ထာဝရဘုရား၊ အကျွန်ုပ်ကို အလျှင်းမမှတ်ဘဲ အဘယ်မျှကာလပတ်လုံး မေ့လျော့တော်မူမည် နည်း။ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို ကွယ်ထားတော်မူမည်နည်း။ ...အကျွန်ုပ်၏ရန်သူ သည် အဘယ်မျှကာလပတ်လုံး အကျွန်ုပ်ကို အုပ်စိုးရပါမည်နည်း” (ဆာ ၁၃း ၁-၂) ဟု ဒါဝိဒ် ဆုတောင်းခဲ့သည်။
ကြာမြင့်စွာ ဆင်းရဲခံရလျှင် ကျွန်ုပ်တို့ စိတ်အနှောင့်အယှက်ဖြစ်ပြီး အဖြေချက်ချင်း လိုချင်သည်။ ဒုက္ခကို ခဏသာ ခံလိုသည်။ သို့သော် အချို့ကိစ္စများက ဖြေရှင်း၍မရဘဲ ခံနိုင်ရည်ရှိရှိ သည်းခံတုံ့ပြန်ရန်သာ ဖြစ်သည်။
သို့သော် ကျွန်ုပ်တို့၏ ဒုက္ခပြဿနာများကို ဘုရားသခင်ထံ တင်ပြနိုင်သည်။ ကျွန်ုပ်တို့ ရုန်းကန်နေရချိန်များတွင် ကောင်းကင်ဘုံရှင်အဖက သူနှင့်ညှိနှိုင်းတိုင်ပင်စေလိုသည်။ အခြားသူအားလုံးထက် သူ၏သားသမီးများကို ကိုယ်တော်နားလည်သည်။ ကိုယ်တော်ထံ…
ပြီးပြီလား
ကမ္ဘာပေါ်ရှိ အရာရာတိုင်းသည် တဖြည်းဖြည်းနှင့် အဆုံးသတ်သွားပေရာ၊ ၎င်းက စိတ်ပျက်အားလျော့စရာပါ။ စာအုပ်ကောင်း တစ်အုပ်ကို ဖတ်ရပြီး ထိုစာအုပ်ကို မပြီးစေချင် သလိုမျိုး၊ စိတ်ဝင်စားစရာ ရုပ်ရှင်တစ်ခုကို အနည်းငယ် ပို၍ဆက်ကြည့်ချင်သလိုမျိုး ထို သို့သော စိတ်ပျက်စရာ ခံစားချက်ပါ။
သို့သော် ကောင်းသောအရာဖြစ်စေ၊ ဆိုးသောအရာဖြစ်စေ၊ အရာအားလုံးက အဆုံး သတ် စမြဲပါ။ စင်စစ်ဘဝအဆုံးသတ်ချိန်လည်း ရောက်လာစမြဲဖြစ်ပြီး တစ်ခါတစ်ရံ ထင်ထား သည်ထက် စော၍ ရောက်လာသည်။ ချစ်ခင်ရသူ တစ်ဦး၏ ခေါင်းတလားအနီးတွင် ရပ်လျက်၊ နှလုံးသား နာကျင်ခံစားရလျက်၊ ချစ်ရသူကို မသွားစေချင်၊ နိဂုံး မချုပ်စေချင်ပါ။
သို့သော်မျှော်လင့်ချက်မဲ့သော စိတ်ပျက်မှုများကြားထဲသို့ သခင်ယေရှု
ဝင်ရောက်လာခဲ့ပြီး၊ သူ၏အသေခံခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းအားဖြင့် မျှော်လင့်ခြင်းကို ကျွန်ုပ်တို့အတွက် ယူဆောင်ခဲ့၍ ကျေးဇူးတင်စရာပါ။ ကိုယ်တော်ကြောင့် “သေခြင်း”သည် ထာဝရအသက်ရှင်ရန် အစဖြစ်ခဲ့ပြီး၊ “ပြီးပြီ” ဟူသည့်စကားကို ဝမ်းမြောက်ခြင်းနှင့်…